မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော် သမ္မတရုံး

ဝီကီပီးဒီးယား မှ
နိုင်ငံတော်သမ္မတရုံး
မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာနအဆင့်ရုံး
ဌာနချုပ်သမ္မတအိမ်တော်နေပြည်တော်
ဝန်ကြီးများခင်မောင်ရီ၊ ပြည်ထောင်စုဝန်ကြီး
ခင်လတ်၊ ဒုတိယဝန်ကြီး
မိခင်အဖွဲ့အစည်းပြည်ထောင်စုအစိုးရအဖွဲ့
ဝက်ဘ်ဆိုက်myanmar-president-office.gov.mm/my

နိုင်ငံတော်သမ္မတရုံး သည် ဝန်ကြီးဌာနအဆင့်ရှိ ရုံးလုပ်ငန်းအဖွဲ့အစည်း တစ်ခု ဖြစ်သည်။ သမ္မတ ဦးမင်းအောင်လှိုင်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတရုံးနှင့် "နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန" ဆိုပြီး နှစ်ခု ထားရှိသည်။

နိုင်ငံတော်သမ္မတရုံးကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဦးဆောင်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

နိုင်ငံတော်သမ္မတရုံးသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်နှင့် ၂၀၁၄ အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန်အတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနကို ဝန်ကြီးဌာန ၆ခုအထိ တိုးချဲ့ခဲ့သည်။ []၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော်သမ္မတရုံး၏ ပထမဆုံးသော ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။[]ထို့နောက်တွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ဆောင်ရွက်ခဲ့သည်။

သမ္မတဦးထင်ကျော်လက်ထက်တွင် ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် လျှော့ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတရုံးနှင့် "နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန" ဆိုပြီး နှစ်ခု ထားရှိသည်။

အကြီးအမှူးများ

[ပြင်ဆင်ရန်]

ပြည်ထောင်စုဝန်ကြီး

[ပြင်ဆင်ရန်]
စဉ် အမည် တာဝန်စတင် တာဝန်ပြီးဆုံး ရက်​ပေါင်း သမ္မတ
၁။ ဦးခင်မောင်ရီ ၁၀ ဧပြီ ၂၀၂၆[] ယနေ့အထိ ၃၇ ရက် ဦးမင်းအောင်လှိုင်

ဒုတိယဝန်ကြီး

[ပြင်ဆင်ရန်]
စဉ် အမည် တာဝန်စတင် တာဝန်ပြီးဆုံး ရက်​ပေါင်း ဝန်ကြီး
၁။ ဦးခင်လတ် ၁၀ ဧပြီ ၂၀၂၆[] ယနေ့အထိ ၃၇ ရက် ဦးခင်မောင်ရီ

ကိုးကား

[ပြင်ဆင်ရန်]