ဦးမင်းအောင်လှိုင်အစိုးရ
| ဦးမင်းအောင်လှိုင်အစိုးရ | |
|---|---|
ဆဋ္ဌမမြောက် ပြည်ထောင်စုအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ | |
| ၂၀၂၆ – လက်ရှိ | |
(ဘယ်မှညာ)ဒုတိယသမ္မတ(၁)၊နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ(၂) | |
| ဖွဲ့စည်းရက်စွဲ | ၁၀ ဧပြီ ၂၀၂၆ |
| လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
| နိုင်ငံတော်အကြီးအကဲ | မင်းအောင်လှိုင်, နိုင်ငံတော်သမ္မတ |
| အစိုးရခေါင်းဆောင် | မင်းအောင်လှိုင်, နိုင်ငံတော်သမ္မတ |
| ဒုတိယ ခေါင်းဆောင် | |
| အဖွဲ့ဝင် ဦးရေ | ၃၄ |
| အဖွဲ့ဝင် ပါတီ | |
| အတိုက်အခံ ပါတီ | အတိုက်အခံများ
|
| သမိုင်း | |
| ရွေးကောက်ပွဲ | ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲ |
| စတင်ဖွဲ့စည်းပုံ | ၂၀၂၆ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း |
| ယခင် | ညိုစောအစိုးရ |
ဦးမင်းအောင်လှိုင်အစိုးရ သည် (တရားဝင်အားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့) သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ဆဋ္ဌမမြောက် ပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပခဲ့သော ၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲ အပြီးတွင် ပေါ်ပေါက်လာသော အရပ်သားအသွင်းပြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ တစ်ခု ဖြစ်သည်။[၁]
၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ [၂]ဒုတိယသမ္မတ (၁) အဖြစ် ဦးညိုစောနှင့် ဒုတိယသမ္မတ (၂) အဖြစ် ဒေါ်နန်းနီနီအေးတို့ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ [၃][၄]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော် မှ အာဏာထိန်းသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရ၊ ဦးညိုစောအစိုးရ၊ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် နှင့် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တို့ သက်တမ်းကုန်ဆုံးချိန်တွင် ဦးမင်းအောင်လှိုင်အစိုးရ ပေါ်ပေါက်လာခြင်းဖြစ်သည်။ စစ်ကောင်စီအစိုးရသည် ၂၀၂၅ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၆ ခုနှစ်အစောပိုင်းတို့တွင် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၅-၂၀၂၆ ကို ကျင်းပခဲ့သည်။
အဆိုပါရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းတွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက် ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ - ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့ပြီးနောက် ၎င်း၏ ပြည်ထောင်စုအစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။[၅]
ဤအစိုးရအဖွဲ့သည် ဦးညိုစောအစိုးရ ထံမှ အာဏာလွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး တပ်မတော် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့ ပူးပေါင်းပါဝင်သော အစိုးရအဖွဲ့ဖြစ်သည်။
အစိုးရအဖွဲ့သစ်အတွက် ၂၀၂၆ ဧပြီလ ၆ ရက်နေ့တွင် ဝန်ကြီးဌာနပေါင်း ၃၁ ဌာန ဖွဲ့စည်းမည်ဖြစ်သော်လည်း ဝန်ကြီးနေရာအား လူ ၃၀ ဦးသာ ခန့်အပ်မည်ဟု နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ အစည်းအဝေးတွင် နာယကက ဖတ်ကြားခဲ့သည်။[၆][၇] အဆိုပြုထားသည့် ဝန်ကြီးဌာနတွင် ပြင်ဆင်ဖွဲ့စည်းထားသည့် ဌာနအသစ် (၆)ခု ပါဝင်သည်။ ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် (၃၁ ခု)နှင့် အမည်သတ်မှတ်ချက်ကို လွှတ်တော်က ၂၀၂၆ ဧပြီလ ၇ ရက်နေ့တွင်အတည်ပြုသည်။[၈]
အစိုးရအဖွဲ့ အကြီးအကဲများ
[ပြင်ဆင်ရန်]| နိုင်ငံတော်သမ္မတ | ဒုတိယသမ္မတ (၁) | ဒုတိယသမ္မတ (၂) |
|---|---|---|
| ဦးမင်းအောင်လှိုင် | ဦးညိုစော | ဒေါ်နန်းနီနီအေး |
| ၂၀၂၆ ဧပြီ ၁၀ – လက်ရှိ | ၂၀၂၆ ဧပြီ ၁၀ – လက်ရှိ | ၂၀၂၆ ဧပြီ ၁၀ – လက်ရှိ |
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ
[ပြင်ဆင်ရန်]| ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
|
တရားစီရင်ရေး
|
|
|
|
စစ်ပြိုင်အစိုးရအဖွဲ့
|
|
အခြားအကြောင်းအရာများ |
|
|
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၊ ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။[၉]
| စဉ် | အမည် | တာဝန် |
|---|---|---|
| ၁။ | ဦးမင်းအောင်လှိုင် | နိုင်ငံတော်သမ္မတ |
| ၂။ | ဦးညိုစော | ဒုတိယသမ္မတ |
| ၃။ | ဒေါ်နန်းနီနီအေး | ဒုတိယသမ္မတ |
| ၄။ | ဦးခင်မောင်ရီ | ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး |
| ၅။ | ဦးတင်အောင်စန်း | ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန |
| ၆။ | ဦးမြထွန်းဦး | ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန |
| ၇။ | ဗိုလ်ချုပ်ကြီး ထွန်းအောင် | ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန |
| ၈။ | ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ | ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန |
| ၉။ | ဦးတင်မောင်ဆွေ | ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန |
| ၁၀။ | ဦးအောင်ကျော်ဟိုး | ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန |
| ၁၁။ | ဒေါက်တာကံဇော် | ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန |
| ၁၂။ | ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် | ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
| ၁၃။ | ဦးသန်းမောင် | ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန |
| ၁၄။ | ဒေါက်တာ သီတာဦး | ပြည်ထောင်စုဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန |
| ၁၅။ | ဒေါက်တာ ချောချောစိန် | ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန |
| ၁၆။ | ဒေါက်တာ မျိုးသိန်းကျော် | ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန |
| ၁၇။ | ဒေါက်တာ သက်ခိုင်ဝင်း | ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန |
| ၁၈။ | ဒေါက်တာ သက်သက်ဇင် | ပြည်ထောင်စုဝန်ကြီး၊ အမျိုးသမီးရေးရာဝန်ကြီးဌာန |
| ၁၉။ | ဦးထိန်လင်း | ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန |
| ၂၀။ | ဦးတင်ဦးလွင် | ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာန |
| ၂၁။ | ဦးမင်းနောင် | ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
| ၂၂။ | ဦးမျိုးဇော်သိမ်း | ပြည်ထောင်စုဝန်ကြီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန |
| ၂၃။ | ဦးဆန်းဦး | ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန |
| ၂၄။ | ဦးကိုကိုလွင် | ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန |
| ၂၅။ | ဒေါက်တာ ချာလီသန်း | ပြည်ထောင်စုဝန်ကြီး၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန |
| ၂၆။ | ဦးမြင့်ကြိုင် | ပြည်ထောင်စုဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန |
| ၂၇။ | ဦးခင်မောင်စိုး | ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန |
| ၂၈။ | ဦးထွန်းအုံ | ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
| ၂၉။ | ဦးရဲမြင့်ထွန်း | ပြည်ထောင်စုဝန်ကြီး၊ အားကစားရေးရာဝန်ကြီးဌာန |
| ၁၀။ | ဒေါက်တာမောင်သင်း | ပြည်ထောင်စုဝန်ကြီး၊ လူငယ်ရေးရာဝန်ကြီးဌာန |
| ၃၁။ | ဦးမျိုးသန့် | ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန |
| ၃၂။ | ဒေါက်တာစိုးဝင်း | ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန |
| ၃၃။ | ဦးမောင်မြင့် | ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန |
| ၃၄။ | အမြဲတမ်းအတွင်းဝန် | အတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး |
ဝန်ကြီးဌာန (၃၁)ခု ဖွဲ့စည်းခြင်း
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ရက်နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။[၁၀]
ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ၁၆/၂၀၂၆ ဖြင့် ဒုတိယဝန်ကြီး (၄၆) ဦးကို ခန့်အပ်တာဝန်ပေးလိုက်သည်။ [၁၁]
| စဉ် | ဝန်ကြီးဌာန | အမည် | စတင်ရက် | ပြီးဆုံးရက် | တာဝန်သက်တမ်း |
|---|---|---|---|---|---|
| ၁ | နိုင်ငံတော်သမ္မတရုံး | ဦးခင်လတ် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၂ | နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန | ဦးထင်ကျော်သူ | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၃ | ပို့ဆောင်ရေးဝန်ကြီးဌာန | ဦးအောင်မြိုင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၄ | ဦးထွန်းလူ | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၅ | ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန | ဦးမင်းဇေယျာလှိုင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၆ | ဦးသက်ဝင်းအောင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၇ | ကာကွယ်ရေးဝန်ကြီးဌာန | ဗိုလ်ချုပ် အောင်မျိုးသန့် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၈ | ပြည်ထဲရေးဝန်ကြီးဌာန | ဗိုလ်ချုပ် မင်းသူ | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၉ | နိုင်ငံခြားရေးဝန်ကြီးဌာန | ဦးနိုင်မင်းကျော် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၁၀ | ဦးကိုကိုကျော် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၁၁ | ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန | ဒေါ်သန်းသန်းလင်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၁၄ | ဦးဟန်ဝင်းအောင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၁၂ | အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန | ဦးကျော်ထင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၁၃ | ဦးသန့်စင်လွင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၁၅ | နယ်စပ်ရေးရာဝန်ကြီးဌာန | ဗိုလ်ချုပ် ကျော်စွာဦး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၁၆ | တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန | စိုင်းထွန်းညို | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၁၇ | ဥပဒေရေးရာဝန်ကြီးဌာန | ဒေါက်တာ ထိန်လင်းဦး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၁၈ | ပညာရေးဝန်ကြီးဌာန | ဒေါက်တာ ဇော်မြင့် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၁၉ | ဦးနေမျိုးလှိုင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၂၀ | သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန | ဒေါက်တာ နေခြည်လဲ့လဲ့သိန်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၂၁ | ကျန်းမာရေးဝန်ကြီးဌာန | ဒေါက်တာ အေးထွန်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၂၂ | အမျိုးသမီးရေးရာ ဝန်ကြီးဌာန | ဒေါ်စန်းစန်းနွယ် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၂၃ | ပြန်ကြားရေးဝန်ကြီးဌာန | ဦးရဲတင့် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၂၄ | သာသနာရေးဝန်ကြီးဌာန | ဦးလင်းအောင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၂၅ | စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | ဦးဗိုလ်ဗိုလ်ကျော် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၂၆ | ဒေါက်တာ ရဲထွန်းဝင်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၂၇ | ဒေါက်တာ ရဲတင့်ထွန်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၂၈ | သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန | ဦးသိုက်စိုး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၂၉ | သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | ဦးခင်လတ်ကြီး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၃၀ | ဒေါက်တာ သောင်းနိုင်ဦး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၃၁ | လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန | ဦးအေးကျော် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၃၂ | ဦးကျော်နိုင်ဝင်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၃၃ | စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန | ဦးသွင်အောင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၃၄ | ဒေါက်တာ အောင်ဇေယျ | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၃၅ | လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန | ဦးလင်းဇော်ထွန်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၃၆ | ဒေါက်တာ ခိုင်ခိုင်စိုး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၃၇ | အလုပ်သမားဝန်ကြီးဌာန | ဦးမောင်မောင်သန်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၃၈ | စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | ဦးမင်းမင်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၃၉ | ဦးဝင်းမြင့်ခိုင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၄၀ | အားကစားရေးရာဝန်ကြီးဌာန | ဦးညီညီ | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၄၁ | လူငယ်ရေးရာဝန်ကြီးဌာန | ဦးစစ်နိုင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၄၂ | ဆောက်လုပ်ရေးဝန်ကြီးဌာန | ဦးမျိုးမြင့် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၄၃ | လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန | ဒေါက်တာ သန်းစိုး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၄၄ | ဒေါက်တာ သန့်ဇော်လွင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ||
| ၄၅ | ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | ဦးအေးထွန်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၃၇ ရက် |
| ၄၆ | ဦးဖြိုးဇော်စိုး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ |
ပြည်ထောင်စုအဆင့်ရုံးအဖွဲ့အစည်းအကြီးအကဲများ
[ပြင်ဆင်ရန်]| စဉ် | ရုံး၊ အဖွဲ့အစည်းအမည် | အကြီးအကဲအမည် | ရာထူး | စတင်ရက် | ကုန်ဆုံးရက် |
|---|---|---|---|---|---|
| ၁ | ပြည်ထောင်စုတရားလွှတ်တော်ချုပ် | ဦးသာဌေး | ပြည်ထောင်စုတရားသူကြီးချုပ် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ |
| ၂ | နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး | ဦးအောင်ဇော်သိန်း | ဥက္ကဋ္ဌ | လက်ရှိ | |
| ၃ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် | ဦးသန်းစိုး | ဥက္ကဋ္ဌ | လက်ရှိ | |
| ၄ | ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး | ဒေါ်နိုင်သက်ဦး | ပြည်ထောင်စုစာရင်းစစ်ချုပ် | လက်ရှိ | |
| ၅ | ပြည်ထောင်စုရာထူးဝန်အဖွဲ့ | ဦးတင်မောင်ဝင်း | ဥက္ကဋ္ဌ | လက်ရှိ | |
| ၆ | နေပြည်တော်ကောင်စီ | ဦးကံမြင့်သန်း | ဥက္ကဋ္ဌ | လက်ရှိ | |
| ၇ | မြန်မာနိုင်ငံတော်ဗဟိုဘဏ် | ဒေါက်တာ ခင်နိုင်ဦး | ဥက္ကဋ္ဌ | လက်ရှိ | |
| ၈ | အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် | ဦးစိုးသိန်း [၁၂] | ဥက္ကဋ္ဌ | လက်ရှိ | |
| ၉ | မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် | ဦးသစ်လင်းအုန်း | ဥက္ကဋ္ဌ | လက်ရှိ |
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ
[ပြင်ဆင်ရန်]၂၀၂၆ ဧပြီလ ၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ အသီးသီးတွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးဌာန၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများကို အဆိုပြုလွှာ တင်သွင်းခဲ့သည်။ [၁၃] သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ အတည်ပြုချက်အတိုင်း ဝန်ကြီးချုပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခန့်အပ်ထမ်းဆောင်စေခဲ့သည်။ [၁၄]
| စဉ် | အစိုးရအဖွဲ့ | ဝန်ကြီးချုပ် | စတင်ရက် | ကုန်ဆုံးရက် | မှတ်ချက် |
|---|---|---|---|---|---|
| ၁။ | ကချင်ပြည်နယ် အစိုးရအဖွဲ့ | ဦးခက်ထိန်နန် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | |
| ၂။ | ကယားပြည်နယ် အစိုးရအဖွဲ့ | ဦးအံ့မော် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | စတသ ၁၅ |
| ၃။ | ကရင်ပြည်နယ် အစိုးရအဖွဲ့ | ဦးစောမြင့်ဦး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ဗိုလ်မှူးချုပ်(ငြိမ်း) |
| ၄။ | ချင်းပြည်နယ် အစိုးရအဖွဲ့ | ဒေါက်တာဝုန်ဆွန်းထန် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) |
| ၅။ | စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ | ဦးကိုလေး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | စတသ ၂၇ |
| ၆။ | တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ | ဦးဇော်နိုင်ဦး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ဗသက ၈၃ |
| ၇။ | ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ | ဦးမျိုးဆွေဝင်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ဒုတိယရဲချုပ်(၁)ငြိမ်း |
| ၈။ | မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ | ဦးတင်ကိုကို | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ဗသက ၇၇ |
| ၉။ | မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ | ဦးမျိုးအောင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | |
| ၁၀။ | မွန်ပြည်နယ် အစိုးရအဖွဲ့ | ဗိုလ်မှူးချုပ် အောင်ဝင်းသန်း | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | စတသ ၃၀ |
| ၁၁။ | ရခိုင်ပြည်နယ် အစိုးရအဖွဲ့ | ဦးနိုင်ဦး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | စတသ ၃၈ |
| ၁၂။ | ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ | ဦးအောင်နိုင်သူ | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ဘွဲ့ရ ဒုရဲအုပ်လောင်း အပတ်စဥ် (၁၇) |
| ၁၃။ | ရှမ်းပြည်နယ် အစိုးရအဖွဲ့ | စိုင်းထိန်စိုး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | စတသ ၂၄ |
| ၁၄။ | ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ | ဦးအေးကျော် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ |
အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံရသည့် မြို့နယ်များ (၂၀၂၆)
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၆) နှင့် (၂/၂၀၂၆) တို့ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အရေးပေါ်အခြေအနေနှင့် မြို့နယ် ၆၀ အား စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်ခြင်းသည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ အပါအဝင်) ပေါ်ပေါက်လာပြီးနောက် ဦးမင်းအောင်လှိုင်အစိုးရ တာဝန်ယူချိန် နှစ်ပတ်အတွင်းမှာပင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။အမိန့်အမှတ် (၂/၂၀၂၆) အရ အဆိုပါမြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန်အတွက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃ (ခ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား အပ်နှင်းခဲ့သည်။[၁၅][၁၆]
| တိုင်းဒေသကြီး / ပြည်နယ် | မြို့နယ်အရေအတွက် | မြို့နယ်အမည်များ |
|---|---|---|
| ကချင်ပြည်နယ် | ၅ | ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ |
| ကယားပြည်နယ် | ၃ | ရှားတော၊ ဖားဆောင်း၊ မယ်စဲ့ |
| ကရင်ပြည်နယ် | ၂ | ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး |
| ချင်းပြည်နယ် | ၇ | ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း |
| စစ်ကိုင်းတိုင်းဒေသကြီး | ၈ | ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော် |
| မကွေးတိုင်းဒေသကြီး | ၅ | ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို |
| မန္တလေးတိုင်းဒေသကြီး | ၁ | ငါန်းဇွန် |
| ရခိုင်ပြည်နယ် | ၁၄ | ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ် |
| ရှမ်းပြည်နယ် | ၁၅ | နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလား |
| စုစုပေါင်း | ၆၀ | မြို့နယ်များ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း (in en)။ 2026-04-24 တွင် ပြန်စစ်ပြီး။
- ↑ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ် (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ရွေးချယ်တင်မြှောက် | Ministry Of Information (in en)။ 2026-04-06 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက် (in my)။ 2026-04-03 တွင် ပြန်စစ်ပြီး။
- ↑ စထွန်းအောင် (2026-03-24)။ သမ္မတရာထူးရယူပြီး တပ်ချုပ်ကိုပါ ထိန်းချုပ်မည့် မင်းအောင်လှိုင်၏ အာဏာမြဲရေး စီမံကိန်း (in en-US)။ 2026-04-03 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ရိုဟင်ဂျာ ဂျီနိုဆိုက်အမှုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူဖို့ တိုင်တန်းချက်ကို အင်ဒိုနီးရှား လက်ခံ - ၂၀၂၆ ခုနှစ်၊ ဧပြီ ၆ ရက် ဘီဘီစီမြန်မာပိုင်းသတင်းများ တိုက်ရိုက်ထုတ်လွှင့်ချက် (in my) (2026-04-06)။ 2026-04-07 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ | Ministry Of Information (in en)။ 2026-04-07 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-08 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ ■နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ (in my)။ 2026-04-06 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-14 တွင် ပြန်စစ်ပြီး။
- ↑ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းအပါအဝင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်း (in my)။ 2026-04-08 တွင် ပြန်စစ်ပြီး။
- ↑ ဧရာဝတီ (2026-04-06)။ စစ်တပ်အရာရှိဟောင်းအများစု တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာ (in en-US)။ 2026-04-07 တွင် ပြန်စစ်ပြီး။
- ↑ Lin၊ Editor Htein (2026-04-07)။ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များအဖြစ် လျာထားအဆိုပြုစာရင်း (in en-US)။ 2026-04-07 တွင် ပြန်စစ်ပြီး။
- ↑ ■ တိုင်းနှင့်ပြည်နယ် ကိုးခုရှိ မြို့နယ်ပေါင်း ၆၀ ကို ရက် ၉၀ အရေးပေါ်အခြေအနေ ကြေညာ (in my)။ 2026-04-24 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက် ဘီဘီစီ မြန်မာပိုင်းသတင်း တိုက်ရိုက်ထုတ်လွှင့်ချက် - ရှမ်းပြည်နယ်နဲ့ အေအေထိန်းချုပ်နယ်မြေတွေအပါ မြို့နယ် ၆၀ ကိုအရေးပေါ်အခြေအနေကြေညာ (in my) (2026-04-24)။ 2026-04-24 တွင် ပြန်စစ်ပြီး။